Friday, July 31, 2015
Android ဖုန်းသမားအားလုံးအတွက် အသုံးပြုနည်းအသေးစိတ် ရှင်းလင်းချက်
Copy
ဒီစာအုပ်က Android ဖုန်းသုံးသူတွေအတွက် Setting ပိုင်းကို အသေးစိတ်ရှင်းထားပီး
အရေးပါတဲ့ မသိမဖြစ်သိရမယ့် Setting ပိုင်းတွေကိုလည်း  အကြောင်းရာ တစ်ခုချင်း
ပုံနှင်တကွ ရှင်းပြထားတာမို့  ဖုန်းစတင်သုံးစွဲသူတွေ  ဖုန်းကိုင်ခါစလူတွေ  ဖတ်သင့်
လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ ။  ဖုန်းအမျိုးစား  မတူသော်လည်း  Android OS
သုံးထားတဲ့   ဖုန်းတွေ   Tablet ,Note  တွေမှာ Setting ပိုင်း သိပ်ပြီး ကွဲပြားမှုမရှိပါဘူး
ပြုပြင်ပုံနဲ့  အသုံးချပုံတူကြပါတယ်  ။ Samsung ပဲသုံးသုံး ၊ HTC ပဲသုံးသုံး ၊ Huawei
Sony-LG-Motorola-စသဖြင့် Android Os တင်ထားတဲ့  ဖုန်းတိုင်းအတွက် အရေးပါ
အရာေ၇ာက်တဲ့  သိသင့်သိထိုက်သည်များကို  အသေးစိတ်အခြေခံကျကျ  ရေးပြပီး
ပုံတွေနဲ့ ရှင်းထားတာကိုတွေ့ ရပါတယ် ။ Android ဖုန်းသမားတွေ  ကြုံရတဲ့ပြဿနာ
Root လုပ်နည်းတွေ ကောင်းကျိုးဆိုးကျိုး တွေကိုလည်း  ရှင်းပြထားပါတယ် နောက်
Root လုပ်တာဟာ  ဖုန်းရဲ့ Warranty ကို ပျက်စေတာကိုလည်း  သတိပြုသင့်ပါတယ်
တချို့ ဆိုင်တွေကတော့  ပြန်လက်ခံတာလည်းရှိပါတယ်။ ဒါပေမယ့် Android သုံးသူ
ကိုင်ဆောင်သူတွေ  ဘာလို့  Root လုပ်ချင်တာလည်းဆိုတာ  သေချာ သိဖို့ လိုမယ်
တွေ့ ရပါတယ် ။ ဟိုနေ့ က  Screen Recoder တစ်ခုရှာတာ   Root လုပ်တဲ့  ဖုန်းသာ
သုံးလို့ ရမှာဖုန်း ကိုယ့်ဖုန်းကို Root လုပ်သင့် မလုပ်သင့်  စဉ်စားနေဆဲပဲရှိသေးတာ
Root လုပ်မယ်ဆိုရင်တော့ ကိုယ်က Admin နေရာရပြီး App တွေကို  လိုအပ်သလို
သွင်းထုတ် လုပ်ခွင့်ရလာမယ် Programming ကို  နားလည်သူ တစ်ယောက်ဆိုလျှင်
Mobile Os တစ်ခုလုံး  ထိန်းချုပ်ခွင့်ရလာမယ် ။ ROM ကို  Modify  လုပ်နိုင်မယ်ဆို
ကိုယ်ပိုင် Setting တွေနဲ့   ကိုယ်ပိုင်ပုံပါတဲ့   Themes လှလှတွေ ပြင်နိုင်မယ်။နောက်
JAVA လေ့လာ  ထားသူတွေအတွက်   OS Management   ကို  ကောင်းကောင်းကြီး
လေ့လာသင်ယူ စမ်းသပ်ခွင့် ရပါလိမ့်မယ် ။ဒါပေမယ့် ဒီအပိုင်းဟာ သာမာန်သုံးသူ
လေ့လာသူအတွက် အန္တရယ်များလှသလို တစ်ခုခု မှားသွားရင် ဘာမှသုံးစားမရပဲ
Firmware ပြန်တင်ရတဲ့အထိ ဖြစ်သွားတတ်တာမို သတိထားသင့်ပါတယ် သို့ သော်
Root လုပ်ချင်တဲ့သူတွေအနေနဲ့ လည်း  ဒီစာအုပ်မှာ  Root လုပ်နည်း  အမျိုးမျိုးကို
ရှင်းပြထားတာမို့  မည်သည့်ဖုန်းအမျိုးစားမဆို Android Mobile Os ဆို အဆင်ပြေ
လွယ်ကူစေမှာဖြစ်ပါတယ် သာမာန်လေ့လာသူတွေအနေနဲ့ လည်း ဖုန်းအကြောင်း
ပြုပြင်နည်း အသေးစိတ်ပါတာမို့ ဖတ်သင့်ပါကြောင်း အကြုံပြု မျှဝေလိုက်ပါ၏
ဒီလင့်မှာ Download ယူဖတ်ပါ - http://www.mediafire.com/?jrz81l859mbbhvc
 အပေါ်လင့်ကမရရင် ဒီမှာ - http://www.mediafire.com/view/?5uo9jclbu4aiubu
Emissary of War
Internet Download Manager 6.12 Beta Build 17
 Internet Download Manager 6.12 Beta Build 17 Update အသစ်ထွက်လာပြန်ပါပြီ..။ ထုံးစံအတိုင်း Internet Download Manager ကို Update လုပ်မိတဲ့သူများအတွက် အဆင်ပြေအောင် နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်..။ သူ့အတွက် Patch ဖိုင်လေးပါထည့်ပေးထားပါတယ်..။ patch နဲ့Full ဖြစ်အောင် လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ ဒီ Update လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..။
 http://www.sharebeast.com/f5gruz6p7kci
 http://www.ziddu.com/download/20350063/idm6.12b17_By-Lwinminbo.rar.html